၁၅။ စစ်မှုထမ်းခြင်းမှ အငြိမ်းစားယူခဲ့သောဝန်ထမ်းသည် မြို့ပြဝန်ထမ်းအမှုထမ်းသက်များနှင့် ပင်စင်အကျိုးခံစားခွင့်အလို့ငှာ ပေါင်းစပ်ရေတွက်လိုပါက မည်သို့ဆောင်ရွက်ရမည်နည်း။
နည်းဥပဒေ ၂၄၁၊ နည်းဥပဒေခွဲ (ဂ) အရ စစ်မှုထမ်းခြင်းမှအငြိမ်းစားယူခဲ့သော ဝန်ထမ်း သည် ၎င်းရရှိနေသော ပင်စင်လစာကို ထုတ်ယူခြင်းမှ ရပ်ဆိုင်းပြီး အမှုထမ်းသက်မှန်ကန်ကြောင်းနှင့် ပင်စင်နှင့် ဆုငွေမည်မျှရရှိကြောင်းတို့ကို ကာကွယ်ရေးဝန်ကြီးဌာန ငွေစာရင်းရုံး၏ ထောက်ခံချက် ပါရှိပါက အမှုထမ်းသက်ကို ပေါင်းစပ်ထည့်သွင်းတွက်ချက်ရမည်။