၈။ မည်သည့်အခြေအနေတွင် ကျန်းမာကြောင်း ဆေးလက်မှတ်တင်ပြမှသာ အလုပ်ပြန်လည် ဝင်ရောက်ခွင့်ရှိသနည်း။
နည်းဥပဒေ ၇၇ ပါ ပြဋ္ဌာန်းချက်အရ ဆေးလက်မှတ်ခွင့်ခံစားခဲ့သည့် ဝန်ထမ်းသည် ကျန်းမာ ကြောင်းဆေးလက်မှတ်ကို သတ်မှတ်ထားသည့်ပုံစံဖြင့် တင်ပြမှသာတာဝန်ပြန်လည်ထမ်းဆောင်ခွင့် ရှိသည်။ ဆေးလက်မှတ်ခွင့် မဟုတ်သော်လည်း ကျန်းမာရေးကိုအကြောင်းပြု၍ အခြားခွင့်ခံစားသည့် ဝန်ထမ်းသည်လည်း အလုပ်ခွင်သို့ ပြန်လည်ဝင်ရောက်သည့်အခါ ကျန်းမာကြောင်းဆေးလက်မှတ် တင်ပြရမည်။