၈၂။ ဝန်ထမ်းမှတ်တမ်းစာအုပ်တွင် မည့်သည့်အချက်အလက်များကို မှတ်တမ်းတင်ရမည်နည်း။
နည်းဥပဒေ ၂၈၀ အရ ရာထူးတိုးမြှင့်ခြင်း၊ နှစ်တိုးခွင့်ပြုခြင်း၊ ပြောင်းရွှေ့ခြင်း၊ ခွင့်ခံစားခြင်း၊ ဆုချီးမြှင့်ခံရခြင်း၊ ဘွဲ့ထူး၊ ဂုဏ်ထူးများရရှိခြင်း၊ ပညာရည်တိုးတက်မှုရရှိခြင်း၊ သင်တန်းထူးချွန်မှု ရရှိခြင်းအချက်အလက်များကို သက်ဆိုင်ရာရုံးအမိန့်များ၊ လစာတောင်းခံလွှာများ၊ ခွင့်စာရင်းများ နှင့်စိစစ်ပြီး ဝန်ထမ်းမှတ်တမ်းစာအုပ်တွင် နေ့ရက်ကာလအပိုင်းအခြားနှင့်တကွ မှတ်တမ်းတင်ရမည်။