၄၆။ ရှေးဦးစုံစမ်းရေးအဖွဲ့၏ အစီရင်ခံစာကို မည်သို့တင်ပြရမည်နည်း။
နည်းဥပဒေ ၁၉၀ ပါ ပြဋ္ဌာန်းချက်အရ ရှေးဦးစုံစမ်းရေးအဖွဲ့သည်မိမိ၏စုံစမ်းတွေ့ရှိချက်၊ သုံးသပ်ချက်၊ သဘောထားဖော်ပြချက်များပါရှိသည့် အစီရင်ခံစာကို အမှုတွဲနှင့်အတူ ယင်းအဖွဲ့အား ဖွဲ့စည်းပေးသော သက်ဆိုင်ရာအကြီးအမှူးထံသို့ ပုံစံ (၅) ပါအတိုင်း တင်ပြရမည်။