၁၀။ ဝန်ထမ်းသည်ခွင့်ကုန်ဆုံးပြီးဖြစ်သော်လည်း အလုပ်ခွင်သို့ပြန်လည်ဝင်ရောက်ခြင်း မရှိပါက မည်ကဲ့သို့ ဆောင်ရွက်နိုင်မည်နည်း။
နည်းဥပဒေ ၇၉ ပါ ပြဋ္ဌာန်းချက်အရ ဝန်ထမ်းသည်မိမိကိုခွင့်ပြုထားသည့် ခွင့်ကာလကုန်ဆုံး သော်လည်း အလုပ်ခွင်သို့ ပြန်လည် ဝင်ရောက်ခြင်းမပြုလျှင် ထိုကျော်လွန်သည့်ကာလအတွက် ခွင့်လစာရခွင့်မရှိ။ ခိုင်လုံသောအကြောင်းမရှိဘဲ ခွင့်ရက်ကျော်လွန်ခဲ့ပါက ဝန်ထမ်းကိုနည်းဥပဒေများ နှင့်အညီအရေးယူရမည်။