၅၃။ ရာထူးတစ်ခုမှတစ်ခုသို့ ပြောင်းရွှေ့ရသည့်ဝန်ထမ်းသည် မူလရာထူး၏ တာဝန်များလွှဲအပ် ပြီးနောက် ခွင့်ခံစားခွင့်ပြုခဲ့လျှင် ကူးပြောင်းချိန်ကာလကို မည်သို့ သတ်မှတ်ရမည်နည်း။
နည်းဥပဒေ ၁၂၇၊ နည်းဥပဒေခွဲ (က) အရ ကိုယ်ရေးကိစ္စတစ်ရပ်ရပ်ကြောင့် တောင်းခံ သည့်ခွင့်ဖြစ်စေ၊ ဆေးလက်မှတ်ဖြင့် တောင်းခံသည့်ခွင့်ဖြစ်စေ ရာထူးဟောင်း၏တာဝန်များကို စွန့်လွှတ်ခဲ့သည့်နေ့ရက်မှစ၍ ခွင့်ကာလအဖြစ် သတ်မှတ်ရန်ဖြစ်ပြီး ခွင့်ယူသည့်အတွက် ပြင်ဆင် ရက်မရရှိဘဲ ခွင့်ကုန်ဆုံးရက်၏ နောက်တစ်ရက်မှစပြီး ကူးပြောင်းချိန်သတ်မှတ်ရမည်ဖြစ်ပါသည်။