နိုင်ငံဝန်ထမ်းကျင့်ဝတ်ဆိုင်ရာစံတန်ဖိုးများ အပိုဒ်၈
အခန်း(၃)
ပြည်သူဗဟိုပြုနိုင်ငံ့ဝန်ထမ်းများဖြစ်လာစေရန်ကတိကဝတ်ပြုခြင်း
၈။ နိုင်ငံ့ဝန်ထမ်းများသည်-
- (က) ပြည်သူများ၏အကျိုးစီးပွားကို ရှေးရှု၍ အလေးထားဆောင်ရွက်ရမည်။
- ( ခ ) သဘာဝသယံဇာတအရင်းအမြစ်များ လေလွင့်ဆုံးရှုံးမှု မဖြစ်ပေါ်စေရေး ထိန်းသိမ်း စောင့်ရှောက်ရမည်။
- ( ဂ ) ပြည်သူများ၏ လိုအပ်ချက်ကို မဆိုင်းမတွ တုံ့ပြန်ဖြည့်ဆည်းပေးနိုင်ရေးနှင့် တန်းတူ ညီမျှမှုရှိစေရေးတို့အတွက် ပြည်သူ့ဝန်ဆောင်မှုစံနှုန်းများ မြင့်မားစေရေးတို့ကို ဆောင်ရွက်ရမည်။
- (ဃ) လူမျိုး၊ ဘာသာ၊ အဆင့် အတန်း၊ ကျား/ မ ခွဲခြားမှုမရှိဘဲ ပြည်သူများ၏ လုပ်ငန်း ကိစ္စရပ်များဆောင်ရွက်ရာတွင် စာနာမှု၊ ပြည်သူကိုရိုသေလေးစားမှုနှင့်အတူ အချိန်မီပြီးစီးရေး အလေးထားဆောင်ရွက်ရမည်။
- ( င ) ပြည်သူများ၏ ယုံကြည်မှုကို ရရှိစေရန်နှင့် အနာဂတ်မျိုးဆက်သစ်များအတွက် စံပြ ဖြစ်နေစေရန် မိမိ၏ပြုမူဆောင်ရွက်ချက်များကို ကောင်းမွန်သော ရလဒ်ရရှိရေး သုံးသပ်စဉ်းစားဆောင်ရွက်ရမည်။
- ( စ ) နိုင်ငံတော်နှင့် အများပြည်သူတို့၏ အကျိုးစီးပွားအတွက် ကောင်းမြတ်သည့် စိတ်စေတနာ၊ ကိုယ်ကျင့်တရားတို့ဖြင့် ထိန်းသိမ်းစောင့်ရှောက်ရမည်။
- (ဆ) ပြည်သူ့အကျိုးစီးပွားကို ထိခိုက်ပျက်စီးစေမည့် အပြုအမူများကို ရှောင်ကြဉ်ရမည်။