၅၇။ ဒေသစရိတ်ခံစားခွင့်မရှိသည့်ဒေသမှ ဝန်ထမ်းသည် စီမံကိန်း၊ လုပ်ငန်းသုတေသနပြုလုပ်ခြင်း၊ စစ်တမ်းကောက်ယူခြင်း သို့မဟုတ် အလားတူလုပ်ငန်းများနှင့်စပ်လျဉ်း၍ ဒေသစရိတ် ခံစားခွင့် ရှိသော ဒေသတွင် လေးလတာ သွားရောက်တာဝန်ထမ်းဆောင်နေသောကာလအတွက် ဒေသစရိတ် ခံစားခွင့်ရှိပါသလား။
နည်းဥပဒေ ၁၅၃၊ နည်းဥပဒေခွဲ (က)၊ နည်းဥပဒေခွဲငယ် (၂) အရ ဒေသစရိတ်ခံစားခွင့်မရှိ သည့်ဒေသမှ ဝန်ထမ်းသည် စီမံကိန်း၊ လုပ်ငန်းသုတေသနပြုလုပ်ခြင်း၊ စစ်တမ်းကောက်ယူခြင်း သို့မဟုတ် အလားတူလုပ်ငန်းများနှင့်စပ်လျဉ်း၍ ဒေသစရိတ်ခံစားခွင့်ရှိသောဒေသတွင် လေးလတာ သွားရောက်တာဝန်ထမ်းဆောင်မည်ဖြစ်သည့်အတွက် ဒေသစရိတ်ခံစားခွင့်ရှိမည်မဟုတ်ပါ။