၁၂။ အငြိမ်းစားယူပြီးသော ဝန်ထမ်း၏ ယခင်အမှုထမ်းသက်များကို ပင်စင်အလို့ငှာ ဆက်စပ် လိုပါက မည်သို့ဆောင်ရွက်ရမည်နည်း။
နည်းဥပဒေ ၂၃၉ အရ အငြိမ်းစားယူပြီးသော ဝန်ထမ်းသည် တာဝန်ပြန်လည်ထမ်းဆောင် သည့်နေ့မှစ၍ ယခင်ပင်စင်လစာကို ရပ်ဆိုင်းရမည်။ တာဝန်ပြန်လည်ထမ်းဆောင်သည့်နေ့မှစ၍ သုံးလအတွင်း ပင်စင်လစာကို ရပ်ဆိုင်းခြင်းမပြုခဲ့ပါက ယခင် အမှုထမ်းသက်ကို ပြန်လည်တာဝန် ထမ်းဆောင်သော အမှုထမ်းသက်နှင့် ပင်စင်ကိစ္စအလို့ငှာ ဆက်စပ်ခွင့်မရှိပါ။